Main menu

Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူတိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်း

Powered by Drupal

     တောင်ကြီးမြို့ စားသုံးသူတစ်ဦးသည် Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ သတ်မှတ် ရက်မတိုင်မှီ အင်တာနက်ဖြတ်တောက်ခံရခြင်းအတွက် နစ်နာဆုံးရှုံးမှုရှိကြောင်း  စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ (၁၀..၂၀၂) ရက်နေ့တွင် လူကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ပါသည်။

                တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်  တောင်ကြီးမြို့ရှိ Wifi ဝန်ဆောင်မှုမှ တာဝန်ရှိသူနှင့်တိုင်ကြားသူအား(၁၁.၈.၂၀၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းပေးခဲ့ရာ Wifi မှ တာဝန်ရှိသူကအင်တာနက်ဖြတ်တောက် ခံရခြင်းကိစ္စသည် ဝန်ဆောင်မှုပြောင်းလဲရယူလိုက်ခြင်း ကြောင့် သတ်မှတ်ရက်နှင့်ကွာဟသွားရခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို   စားသုံးသူနားလည် စေရန် မိမိတို့၏ဝန်ထမ်းမှ သေချာစွာ ရှင်းလင်းပြောပြ‌ပေး နိုင်ခဲ့ခြင်းမရှိသည့်အတွက် စားသုံးသူနစ်နာမှု ပေါ်ပေါက်ခဲ့ရပါကြောင်း၊ အဆိုပါနစ်နာမှုအတွက် မိမိတို့ ကုမ္ပဏီဘက်မှ စားသုံးသူကျေနပ်သည်အထိ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါ သည်။

                တိုင်ကြားသူဘက်မှလည်း ၎င်းနစ်နာခဲ့သော ရက်ပေါင်း (၃)ရက်ကိုသာ အစားထိုးပြန် လည်ပေးအပ်မည်ဆိုပါက ကျေနပ်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့်  စားသုံးသူရေးရာဦးစီး ဌာန ၊စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) အနေဖြင့် စီးပွား‌ရေးလုပ်ငန်းရှင်ဘက်မှ စားသုံးသူနစ်နာခဲ့သော ရက်ပေါင်း(၃)ရက်အား အစားထိုးပေးခဲ့သဖြင့်  တိုင်ကြားသူဘက်မှလည်း ကျေနပ်လက်ခံခဲ့ပြီး အမှုကိုပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရှမ်း)