Main menu

တရုတ်မက်မွန်သီးများ စံချိန်တင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေရ

Powered by Drupal

        ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ အသားနီမက်မွန်သီးများကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင် ၄၅,၀၀၀ မှ ၈၀,၀၀၀ ကြားဖြင့် ရောင်းချနေရပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၀% မှ ၄၀% ခန့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကာ ဗီယက်နမ်ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်ခဲ့ချိန်မှ စ၍ အသက်သာဆုံး ဈေးနှုန်းလည်း ဖြစ်သည်။

     လွန်ခဲ့သော နှစ်အနည်းငယ်က Monkey King မက်မွန်သီးဟုလည်း လူသိများသည့် အသားနီ မက်မွန်သီးများကို ဗီယက်နမ်နိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပမာဏနည်းနည်းဖြင့်သာ အဓိက တင်သွင်းခဲ့ကြသည်။ တစ်ချိန်က ထိုသစ်သီးသည် တစ်ကီလိုဂရမ်လျှင် ၂၅၀,၀၀၀ ဒေါင် အထိ ဈေးပေါက်ခဲ့သော်လည်း ရရှိနိုင်မှု ရှားပါးသောကြောင့် လူအများ၏ ဝယ်ယူအားပေးမှုကို ရရှိခဲ့သည်။

        ယခုနှစ် နွေရာသီတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မက်မွန်သီးများကို သစ်သီးဆိုင်ကြီးများတွင်သာမက ဟိုချီမင်းစီးတီးရှိ ဆိုင်များနှင့် ဈေးအများအပြားတွင် ပုံမှန် မက်မွန်သီးများ၊ ကျီးကန်းနှုတ်သီးပုံ မက်မွန်သီးများနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူရရှိနေပြီ ဖြစ်သည်။

     ယခုနှစ်တွင် တရုတ်အသားနီမက်မွန်သီးများသာမကဘဲ အခြားတရုတ်မက်မွန်သီး အမျိုး အစားအများစုမှာလည်း ယခင်နှစ်များထက် ဈေးနှုန်း သက်သာနေသည်။ တရုတ်မက်မွန်သီးများသည် ဂျွတ်ပြီး ချိုမြိန်ကာ တစ်လုံးလျှင် ၁၅၀ မှ ၂၅၀ ဂရမ်ခန့် လေးသည်။ ယခင်က ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆိုင်အနည်းငယ်မျှသာ မှာယူရောင်းချခဲ့ကြသော်လည်း ယခုအခါ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားသဖြင့် ဆိုင်အများအပြားက ပိုမိုမှန်မှန် တင်သွင်းရောင်းချလာကြသည်။

         ယခုနှစ်တွင် မက်မွန်သီးအများစု၏ ဈေးနှုန်းမှာ တစ်ကီလိုလျှင် ဒေါင် ၁၀၀,၀၀၀ အောက်တွင်သာရှိသဖြင့် ဝယ်ယူမှုအား သိသိသာသာ ကောင်းမွန်လာခဲ့သည်။ သူမ၏ဆိုင်တွင် တရုတ်မက်မွန်သီး ရောင်းအားသည် လွန်ခဲ့သောလအနည်းငယ်ကထက် ၂၀% ခန့် တိုးတက်လာခဲ့သည်။ ထို့အပြင် ယခုမက်မွန်သီးရာသီသည် တစ်လမှ တစ်လခွဲခန့်သာ ကြာမြင့်မည်ဖြစ်သဖြင့် လူအများက ဈေးနှုန်းသက်သာခိုက် ဝယ်ယူစားသုံးနေကြသည်။

         ထို့အပြင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများသည်လည်း သစ်သီးဝလံ ကုန်သွယ်မှုစီးဆင်းမှုကို ရိုက်ခတ်မှုရှိခဲ့သည်။ အမေရိကန်နှင့် ဥရောပသို့ တင်ပို့မှု ပိုမိုခက်ခဲလာသည်နှင့်အမျှ တရုတ်စီးပွားရေးလုပ်ငန်းများသည် အရှေ့တောင်အာရှ နိုင်ငံများသို့ သက်သာသော ဈေးနှုန်းများဖြင့် ပိုမိုတွန်းအားပေး ရောင်းချလာကြသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်သို့ တင်သွင်းသော မက်မွန်သီးများသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပုံမှန်မက်မွန်သီးများနှင့် ကျီးကန်းနှုတ်သီး မက်မွန်သီး တင်သွင်းမှုသည် ယခင်နှစ် တူညီသော ကာလထက် ၁၀% ခန့် တိုးတက်လာပြီး ဈေးနှုန်းမှာ ၅% ခန့် ကျဆင်းသွားခဲ့သည်။

      ဈေးကွက်တစ်ခုလုံး အတိုင်းအတာဖြင့်ကြည့်လျှင် ဗီယက်နမ်သို့ တရုတ်သစ်သီး တင်သွင်းမှုပမာဏမှာ ပိုမိုမြင့်တက်လျက်ရှိသည်။ ကောက်ခံရရှိသော အကောက်ခွန် စာရင်းများအရ ယခုနှစ် ပထမ ၅ လအတွင်း ဗီယက်နမ်သည် တရုတ်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါး သုံးစွဲခဲ့ပြီး ယခင်နှစ် တူညီသောကာလနှင့် နှိုင်းယှဉ်ပါက ၂၈% တိုးတက်လာခဲ့သည်။ လိမ္မော်၊ ပန်းသီး နှင့် မက်မွန်သီးတို့မှာ အများဆုံးတင်သွင်းရသည့် ပစ္စည်းများ ဖြစ်ကြသည်။ နီးကပ်လာသော အနာဂတ်တွင် တရုတ်ဇီးသီးနှင့် သစ်တော်သီးများ လှိုင်လှိုင်ထွက်ရှိမည့် ရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်ရာ ယင်းဈေးကွက်မှ သစ်သီးဝလံ ထောက်ပံ့မှုသည် ဆက်လက် တိုးတက်နေဦးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)