Main menu

ကာဇက်စတန်နှင့် ကမ္ဘောဒီးယားတို့ စိုက်ပျိုးရေးတင်ပို့မှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

Powered by Drupal

          ကာဇက်စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားကာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေး ပိုမိုတိုးချဲ့သွားရန် သဘောတူဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တု (World Artificial Intelligence Conference – WAIC) အစည်းအဝေးအပြီးတွင် ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့ တွေ့ဆုံကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း Qazinform သတင်းဌာနက ဖော်ပြထားသည်။ သမ္မတ Tokayev က နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ အထည်အလိပ်၊ ဆောက်လုပ်ရေး၊ ခရီးသွား လုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်မည့် အလားအလာ များစွာရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကာဇက်စတန် အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဂျုံ၊ ဓာတ်မြေဩဇာနှင့် အခြားအရေးကြီး စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုတင်ပို့ပေးရန် အသင့်ရှိကြောင်းလည်း Tokayev က ပြောကြားခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပြင် ကာဇက်စတန်သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆိုင်ရာမိတ်ဖက်နိုင်ငံအဖြစ်လည်း ရပ်တည်လိုကြောင်း Tokayev  က ထပ်လောင်းပြောကြား ခဲ့သည်။ ကုလသမဂ္ဂ၏ E-Government Development Index တွင် အဆင့် ၂၄ ရရှိထားသည့် ကာဇက်စတန်နိုင်ငံ၏ အတွေ့အကြုံများကိုအခြေခံ၍ အဆင့်မြင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ကမ္ဘောဒီးယား နှင့် မျှဝေပူးပေါင်းကာ နိုင်ငံ၏ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ဆန္ဒရှိကြောင်း သမ္မတ Tokayev က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Hun Manet ကလည်း နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုခိုင်မာစေရန် စိတ်ဝင်စားကြောင်းပြောကြားပြီး အစိုးရနှင့်စီးပွားရေး လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                            

DOCA(ရန်ကုန်)