Main menu

ကမ္ဘာ့ကော်ဖီစျေးကွက်တွင် အင်ဒိုနီးရှား၏ရပ်တည်မှုကို ခိုင်မာစေရန်ကြိုးပမ်းသည့် Bank Indonesia

Powered by Drupal

           အင်ဒိုနီးရှားဗဟိုဘဏ် (Bank Indonesia – BI) သည် East Java ပြည်နယ် Surabaya မြို့၌ ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် 2026 Java Coffee, Flavors and Festival (JCFF) မှတစ်ဆင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကော်ဖီထုတ်လုပ်သည့်နိုင်ငံအဖြစ် အင်ဒိုနီးရှား၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ Bank Indonesia East Java Representative Office ၏ ဒုတိယအကြီးအကဲ Rifki Ismal က ဇူလိုင် ၁၉ ရက်တွင် Surabaya မြို့၌ ပြောကြားရာ၌ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ကော်ဖီထုတ်လုပ်သည့်နိုင်ငံများအနက် စတုတ္ထနေရာတွင်ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် နှစ်စဉ် ကော်ဖီတန်ချိန် ၇၈၀,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး East Java ပြည်နယ်သည် ထိုထုတ်လုပ်မှုတွင် အဓိကပါဝင်သည့်ဒေသတစ်ခုဖြစ်သည့်အပြင် Java ကျွန်းပေါ်တွင်လည်း နှစ်စဉ် ကော်ဖီတန်ချိန် ၅၃,၀၀၀ ထုတ်လုပ်ကာ အများဆုံးထုတ်လုပ်သည့် ပြည်နယ်ဖြစ်ကြောင်း သိရပါသည်။ Rifki Ismal က East Java ၏ ကော်ဖီထုတ်လုပ်မှုမှာ တန်ချိန် ၅၃,၀၀၀ အထိ ရှိပြီး အမြင့်ဆုံးဖြစ်ကြောင်း၊ Central Java နှင့် West Java တို့မှာ တစ်နှစ်ကို တန်ချိန် ၂၅,၀၀၀ ခန့်စီ ထုတ်လုပ်ကြကြောင်း၊ BI အနေဖြင့် ၎င်းအလားအလာကို အသုံးချကာ ကော်ဖီပို့ကုန်တိုးမြှင့်ခြင်းမှတစ်ဆင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်သည့်နိုင်ငံအဖြစ် အင်ဒိုနီးရှား၏ရပ်တည်မှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ထားကြောင်းနှင့်  အင်ဒိုနီးရှား၏ ကော်ဖီထုတ်လုပ်သူအများစုမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖြစ်သဖြင့် ၎င်းတို့၏ ဈေးကွက်ဝင်ရောက်မှုကို တိုးချဲ့နိုင်ပါက စီးပွားရေးကဏ္ဍတစ်ရပ် လုံးအပေါ် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်‌ကြောင်း ပြောကြားခဲ့ပါ သည်။ ထိုရည်မှန်းချက်အတွက် BI သည် JCFF 2026 မှတစ်ဆင့် ပြည်တွင်းကော်ဖီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးကို ပံ့ပိုးလျက်ရှိပြီး ပွဲတော်အတွင်း စီးပွားရေးဆိုင်ရာ လေ့ကျင့်ပို့ချမှုအစီအစဉ်များနှင့် စီးပွားရေးချိတ်ဆက်ဆွေးနွေးပွဲများကို ထည့်သွင်းကျင်းပကာ ပြည်တွင်း MSMEs များကို ပြည်တွင်းနှင့် နိုင်ငံတကာဝယ်ယူသူများနှင့် ချိတ်ဆက်ပေးလျက် ရှိကြောင်း သိရပါသည်။ Rifki Ismal က ယခုနှစ် JCFF သည် ယခင်နှစ်ကရရှိခဲ့သည့် အောင်မြင်မှုကို ကျော်လွန်နိုင်မည်ဟု ယုံကြည်ထားကြောင်း၊ ၂၀၂၅ ခုနှစ် JCFF တွင် သုံးရက်တာကာလအတွင်း လာရောက်သူ ၁၃၀,၀၀၀ ခန့်ရှိခဲ့ပြီး စုစုပေါင်း အရောင်းအဝယ်တန်ဖိုး အင်ဒိုနီးရှားရူပီး ၁၀၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆ သန်းခန့်) ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုယုံကြည်မှုမှာ ယခုနှစ်ပွဲတွင် MSMEs ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသထားခြင်းကြောင့် ဖြစ်ပြီး BI ၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်နေသော ကော်ဖီလုပ်ငန်း ၄၁ ခုအပြင် ချောကလက်၊ လက်ဖက်ရည်၊ ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်ထုတ်ကုန်များ ရောင်းချသည့် လုပ်ငန်းများလည်း ပါဝင်ပြသထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)