
Telangana ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း နှစ်စဉ်ဆန်စပါး ထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေသဖြင့် နိုင်ငံတကာဈေးကွက်တွင် ပြည်နယ်၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ဆန်းစပါးတင်ပို့မှုဆိုင်ရာ သီးသန့်မူဝါအသစ်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်း သိရပါသည်။
Telangana ပြည်နယ်၊ ဆည်မြောင်းနှင့် စိုက်ပျိုးရေးမြေများ ဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာနှင့် အရပ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဝန်ကြီး N.Uttam Kumar Reddy က အဆိုပါမူဝါဒအကြောင်း ကြေညာရာတွင် ပြည်နယ်ဖြင့် Kharif နှင့် Rabi စိုက်ပျိုးရာသီနှစ်ခုလုံးတွင် ဆန်စပါး တန်ချိန်ပေါင်း ၃၀ နီးပါးထွက်ရှိသော်လည်း နှစ်စဉ်စားသုံးမှုမှာ တန်ချိန် ၃.၆ သန်း ခန့်သာရှိကြောင်းနှင့် Telangana ပြည်နယ်မှာ ထွက်ရှိတဲ့ဆန်၏ ဆယ်ပုံတစ်ပုံလောက်ကိုသာ စားသုံးကြကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်နယ်၏ ဆန်စပါးလုပ်ငန်းအတွက် ပို့ကုန်က အဓိကတိုးတက်မှု အခွင့်အလမ်းတစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် ဆန်တင်ပို့မှုများ လွယ်ကူချောမွေ့စေရန် ဆန်စက်လုပ်ငန်းရှင်များအား ပြည်တွင်းမှာသာမက နိုင်ငံတကာဈေးကွက်မှာပါ ဝင်ရောက်နိုင်စေရန် ကူညီပေးဖို့ မူဝါဒသစ်တစ်ရပ်ကို ရေးဆွဲနေသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့အပြင် Telangana ပြည်နယ်သည် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ ဆန်စပါးများ စတင်တင်ပို့နေပြီဖြစ်ကြောင်းနှင့် ပြည်ပဈေးကွက်သို့ ချဲ့ထွင်နေသည့် ဆန်စက်လုပ်ငန်းကဏ္ဍကို အစိုးရမှ ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားပြီး ဝန်ကြီး၏ ပြောကြားချက်အရ Telangana ပြည်နယ်သည် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုနှင့် အစိုးရ၏ ဝယ်ယူစုဆောင်းမှုအများဆုံးပြည်နယ်ဖြစ်ပြီး ပို့ကုန်အခွင့်အလမ်းများ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့ဆန်စပါး ကုန်သွယ်မှုတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဖြစ်ပြီး အဆိုပါကြေညာချက်ကို “အာဟာရဖြည့်ဆန်များ မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့်ပြုလုပ်သော အလုပ်ရုံဆွေးနွေးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါပွဲ၌ ဆန်စက်လုပ်ငန်းရှင်များ၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေးကဏ္ဍ၊ အာဟာရပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက တန်ဖိုးမြှင့်ဆန်ဈေးကွက်ကို အားကောင်းလာစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါပွဲတွင် မရှိမဖြစ်လိုအပ်သော Vitamins, Iron, Zincဓာတ်များ ကြွယ်ဝစွာပါဝင်သည့် “KCP Nutri Poshan” ဟုခေါ်သော အာဟာရဖြည့် ဆန်အမျိုးအစားသစ်ကို မိတ်ဆက်ခဲ့သည်။ Kolam, HMT နှင့် Sona Masoori စသည့် လူကြိုက်များသော ဆန်အမျိုးအစားများဖြင့် ရရှိနိုင်သည့် အဆိုပါထုန်ကုန်သည် လူတို့၏ စားသောက်မှုပုံစံကို မပြောင်းလဲစေဘဲ အာဟာရဆိုင်ရာ ရလာဒ်များကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် တန်ဖိုးမြှင့် အခြေခံစားသောက်ကုန်များအပေါ် လုပ်ငန်းကဏ္ဍ၏ စိတ်ဝင်စားမှု တိုးလာခြင်းကိုပြသနေပြီး အာဟာရဖြည့်ဆန်သည် စားသုံးသူများအတွက် ရင်းနှီးပြီးသား အရသာနှင့် ချက်ပြုတ်မှုပုံစံကို ထိန်းသိမ်းထားခြင်းဖြင့် အာဟာရလုံခြုံမှုကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဝန်ကြီး Uttam Kumar Reddy က ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့တစ်ဝန်းတွင် အစားအစာများ၌ အာဟာရဓာတ်ဖြည့်ဆည်းခြင်းသည် ကုန်ကျစရိတ်သက်သာပြီး ထိရောက်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာကြားဝင် ဆောင်ရွက်မှုတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများအပြားတွင် အခြေခံစားသောက် ကုန်များ၌ အာဟာရဖြည့်စွက်ခြင်းကို အသုံးပြုခဲ့ကြသော်လည်း၊ အာဟာရဖြည့်ဆန်မှာမူ အိန္ဒိယကဲ့သို့ ဆန်စားသုံးမှုများသည့် ဒေသများတွင် အလားအလာကောင်းများဖြင့် ထွက်ပေါ်လာသော နယ်ပယ်သစ်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
Source : Dailyhunt
DOCA (ရန်ကုန်)
