
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၀.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး ၌ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်တို့ ပူးပေါင်း၍ “ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း” Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်း ဆွေးနွေးခဲ့ရာတွင် ကမ္ဘာ့နိုင်ငံများဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ စားသုံးသူများရဲ့ အကျိုးစီးပွားကာ ကွယ်ရေးအတွက် ၁၉၆၀ ခုနှစ်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်၊ မတ် လ၊ ၁၅ ရက်နေ့မှာ အမေရိကန်သမ္မတ John. F. Kennedy က အမေရိကန်လွှတ်တော်တွင် စားသုံးသူများမှာ အခွင့်အရေး များရှိကြောင်း မိန့်ခွန်းပြောကြားခဲ့ရာ မှ အစပြုခဲ့ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က ဦးဆောင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မတ်လ၊ ၁၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ပထမအကြိမ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကိုကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး၊မန္တလေးမြို့၊ ၂၀၁၈ ခုနှစ်တွင် နေပြည်တော်တိုင်းဒေသကြီး၊ နေပြည်တော်မြို့၊ ၂၀၁၉ ခုနှစ် တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်ကျင်းပခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင်တော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု ကြောင့် ပြုလုပ် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သလို ၂၀၂၁ ခုနှစ်တွင်လည်း ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။ ၂၀၂၂ ခုနှစ်တွင်မှု နေပြည်တော်တွင် (Virtual Conference) စနစ်ဖြင့် ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ယခုနှစ်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ထို့ပြင်နှစ်စဉ်ထုတ်ပြန်ခဲ့သော ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့ဆောင်ပုဒ်များ ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိစေဖို့နဲ့ လိုက်နာရမဲ့ တာဝန်တွေကိုသိရှိစေဖို့၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာတွေ တိုးပွားစေဖို့၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့် မားစေဖို့နဲ့ စားသုံးသူတွေရဲ့ အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
