
၂၀၂၆ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိ သည် မအူပင်မြို့၊ အရှေ့ဘက်ကမ်း ရှိ “အဝတ်အထည်” ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက် မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ရောင်းဝယ်မှု လုပ်ငန်းအခြေအနေအမှန်ကို ကွင်းဆင်း ဆောင် ရွက်ရာအွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်ကတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာ အတိုင်းလုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင် ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
