Main menu

ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်သော လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဈေးကွက်မရောက်မီ ဒေသတွင်းထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှု ရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြိုတင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်း ရည်ရွယ်ချက်မှာ စားသုံးသူများ ထိခိုက်နစ်နာမှု မရှိစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ဒေသတွင်း ထုတ်လုပ်သူများ လုပ်ငန်းရှင်ကျင့်ဝတ်နှင့်အညီ မှန်ကန်စွာ ဖြန့်ဖြူးနိုင်ရန် ဈေးကွက်မရောက်မီကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်း မမီသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် တားဆီးရန် ရည်ရွည်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။

            ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်မအူပင်မြို့ မင်းလမ်း ရှိ ကျားပဲမုန့် ထုတ်လုပ်သော လုပ်ငန်းအား ကွင်းဆင်းလေ့လာ၍ ထုတ်လုပ်မှုအဆင့်ဆင့်ကို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်စည်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် အမှတ်တံဆိပ်များကို ကြည်ရှုစစ်ဆေးခြင်း၊ ကုန်စည်အမည် နှင့် အမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ နှင့် သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူ၏ အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များ၊ ပါဝင်ပစ္စည်းများ နှင့် အသားတင်ပမာဏ အတိအကျ ဖော်ပြထားခြင်း ၊ သက်ဆိုင်ရာဌာနမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြပါရှိကြောင်း တွေ့ရှိရမည့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတက်လာစေရေးကို ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာလ ၄ရက်နေ့ နံနက် ၁၀နာရီအချိန်က မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးမှ ဝန်ထမ်းများနှင့်အတူ ဈေးကွက်မရောက်မီကုန်စည်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)