Main menu

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၁၁း၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ဆန်၊ ဆီနှင့် ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  ရွှေဒိုးဝိုင်း အမှတ်တံဆိပ် နို့ကရင်(ခ်)ကုန်စည် ကို စစ်ဆေးခဲ့ပြီး အဆိုပါကုန်စည်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင် များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက် ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်း ပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)