
မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ၌ မိုးကြက်သွန်နီအသစ်မှာ ဟောင်းထက်ဈေးပို ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီစိုက်ပျိုးမှုရှိသော မလှိုင်မြို့နယ်မှ အသစ်ထွက်ရှိလာသော ကြက်သွန်နီမှာ အဟောင်းထက်ရောင်းပန်းပိုလှပြီး ယခင်နှစ်လက်ကျန် အဟောင်းများမှာ အညှောင့်ပေါက်သည့်အတွက် နယ်ဝေးဝယ်လက်များသို့ အသစ်ကိုပိုမိုတင် ပို့ရရောင်းကြောင်းသိရသည်။ ကြက်သွန်နီဈေးမှာတစ်ပိဿာလျှင် အဟောင်းမှာ(၈၀၀-၉၀၀)ကျပ်၊ အသစ်မှာ(၁၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူတင်ပို့နေကြောင်းကုန်သည်များထံ မှသိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်ဝယ်လက်များမှ အဝယ်အေးပြီး ပြည်တွင်းဈေးကွက် များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ်မြို့များသို့ အခြားကုန်များနှင့်ရော၍ တင်ပို့ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။
DOCA(မန္တလေး)
