Main menu

ပေါက်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများမှာ သီးနှံအထွက်နှုန်းကောင်း၍ အဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အခြေပြု လုပ်ကိုင်လျက်ရှိပြီး ဆီထွက်သီးနှံဖြစ်သည့်မြေပဲသီးနှံကို မေလကုန် ဇွန်လဆန်းပိုင်း၌ စိုက်ပျိုးခဲ့ရာ ယခုအခါ သီးနှံများ နုတ်သိမ်းနေသည်ကို တွေ့ရှိရပါသည်။ ပေါက်မြို့နှင့် အနီးတဝိုက်သွားလာ၍ ရသည့်မြေပဲစိုက်ရွာများဖြစ်သော သရက်တော၊ ဆူးပုတ်ခုံ၊ စမ်းရေခုံ၊ လင်ထောင်၊ မျှားပိုင်း ဒေသများ၌ ခူးဆွတ်နေကြသည့်နေရာသို့ သွားရောက်၍လေ့လာခဲ့ပါသည်။ လင်ထောင် ကျေးရွာမှ မြေပဲစိုက် တောင်သူဦးဘိုကြီးနှင့် တွေ့ဆုံမေးမြန်းရာ အဓိကစိုက်ပျိုးသည့်ပဲမျိုးများမှာ မကွေး-၁၁ နှင့် ဆင်းပဒေသာ ၁၆ တို့ကို စိုက်ပျိုးကြောင်း၊ ယခု မြေပဲများနုတ်သိမ်းပြီးစီးပါက ဆင်းပဒေသာ-၁၆ (ဒေသအခေါ်)လုံးပုမျိုးကို ပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်းသိရပါသည်။

     မြေပဲစိုက်ရွာများတွင် လုပ်သားများရှားပါးလာသဖြင့် မြို့ပေါ်မှ အလုပ်သမားများ ငှား၍ ခူးဆွတ်ရကြောင်း၊ လုပ်အားခအနေဖြင့် မြေပဲ()တင်းခူးဆွတ်လျှင် ()ပြည်ပေးရပြီး တောင်သူ အတွက်(၁၂)ပြည်ကျန်ရှိကြောင်း၊ ယခုနှစ်တွင် မိုးလေဝသ မှန်ကန်ပြီး ရာသီဥတုကောင်းမွန်သဖြင့် ()ဧကလျှင် တောင်သူအတွက် တင်း(၅၀)နီးပါးကျန်ရှိကြောင်း သိရပါသည်။ ()ဧကကုန်ကျစရိတ် မှာ ကျပ်(၁၅)သိန်းဝန်းကျင်အထိ ကုန်ကျပြီး စုစုပေါင်းဝင်ငွေမှာ ကျပ် (၄၀) သိန်း နီးပါးရရှိပါသည်။ တောင်သူတစ်ဦး၏ အသားတင်အကျိုးအမြတ်မှာ  တစ်ဧကလျှင် ကျပ်(၂၀)သိန်းမှ(၂၅)သိန်း ဝန်းကျင် အထိ ကျန်ရှိကြောင်း မြေပဲစိုက်တောင်သူထံမှ သိရပါသည်။

DOCA(မကွေး)