Main menu

မကွေးမြို့ပေါ်ရှိ ဈေးကွက်အတွင်း ရာသီပေါ်ဩဇာသီးများ ဝင်ရောက်လာပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ရပ်ကွက်ဈေးများနှင့် အရောင်းအဝယ်ပြုလုပ်သည့်နေရာ များတွင် မိုးတွင်းကာလနှောင်းပိုင်းနှင့် စက်တင်ဘာလ အလယ်ပိုင်းတို့၌ ရာသီပေါ်သစ်သီးဝလံ တစ်မျိုးဖြစ်သော ဩဇာသီးများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဒေသခံ သစ်သီးရောင်းဝယ်လုပ်ကိုင်သူများထံမှသိရသည်။

          ဩဇာသီးသည် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ မိုးတွင်းကာလများတွင် အထူးပေါများပြီး အာဟာရဓာတ်ကြွယ်ဝကာ ချိုမြိန်သောအရသာကြောင့် စားသုံးသူပြည်သူများ နှစ်သက်စွာ စားသုံးကြ သည့် သစ်သီးတစ်မျိုးဖြစ်သည်။ ဩဇာသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ် စသည့် သတ္ထုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ဩဇာသီးစားသုံးခြင်း၏ အကျိုးရလဒ်သည် ကိုယ်ခံအား စနစ်ကိုမြှင့်တင်ပေးခြင်း၊ အစာခြေစနစ်ကိုအထောက်အကူပြုခြင်းနှင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်း ပေးနိုင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များကို ပေးစွမ်းနိုင်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော သစ်သီးတစ်မျိုးအဖြစ် သိရသည်။ စက်တင်ဘာလအတွင်း မကွေးဈေးကွက်သို့ ရာသီပေါ် ဩဇာသီများ ပုံမှန်ဝင်ရောက်မှုကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် အလွယ်တကူစားသုံးနိုင်ပြီဖြစ် ကြောင်း သိရသည်။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) အတွင်း မကွေးမြို့၊ ရန်ပယ်ဈေးအတွင်း ရောင်းချလျက်ရှိသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အလုံးသေး ()လုံးလျှင် (၅၀၀)ကျပ်၊ အလုံးကြီး ()လုံးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိပြီး ဩဇာသီး၏ အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံ မှ သိရှိရပါသည်။

DOCA(မကွေး)