
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်အတွင်းရှိ မောက်၊ကျွဲနန်း၊မြင်းစာ၊တောင်ခရမ်း၊မြောက်ခရမ်း၊ ဇဟော ကျေးရွာများတွင် နှမ်းမျိုးစုံ၊ထောပတ်ပဲ ၊ပဲယင်း၊ မြေပဲနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။ ဂန်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်းများကို ကဆုန်တွင် စတင်စိုက်ပျိုးပြီး ဝါခေါင်လဆန်းတွင်စတင်ရိတ်သိမ်းပြီး ဝါခေါင်လကုန်တွင် နှမ်းများကို ခါ၍ ရိတ်သိမ်းမှုပြီးကြောင်း တောင်သူထံမှ သိရှိရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးလျှင်မျိုးသုံးစွဲမှုအနေဖြင့် (၆)ပြည်သုံးစွဲရပြီး၊ နှမ်းတစ် ဧကစိုက်ပျိုးထွက်ရှိမှုမှာ ရာသီဥတုနှင့်မြေအမျိုးအစားပေါ်မှုတည်၍ အထွက်တင်း (၈)တင်းမှ (၁၀)တင်း အထိထွက်ရှိကြောင်း၊ နှမ်းနီ၊ နှမ်းနက်၊ စမုံနှမ်းနက်များကို အဓိကအားထားစိုက်ပျိုးကြ ကြောင်း တောင်သူများထံမှ သိရှိရပါသည်။
နှမ်းတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး (၆)ပြည် လျှင် ကျပ် (၅၀၀၀၀၀) ၊နှမ်းကျဲခ ကျပ် (၁၄၀၀၀) ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၅၀)တွင် နှမ်းပေါင်းပင်များ စတင် ထိုးရပြီး တစ်ဦးလျှင် ကျပ် (၇၀၀၀)ဖြင့် ဦးရေ (၅၀)ခန့် နှမ်းပေါင်းများ ထိုးရကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုမှာ တစ်ဧကလျှင် ကျပ် (၅၀၀၀၀)၊ စတင်စိုက်ပျိုးသည်မှ သီးနှံပေါ်သည် ထိစုစုပေါင်း ကျပ်(၉၅၀၀၀၀)ထိ ကုန်ကျကြောင်း၊ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ တစ်တင်းလျှင်ကျပ် (၁၅၅၀၀၀)၊ နှမ်းဝါတစ်တင်းလျှင်ကျပ် (၁၃၀၀၀၀)ဖြစ်ပြီး တောင်သူများအနေဖြင့် ယခုပေါက်ဈေးနှုန်း ဖြင့်ရောင်းချ မည်ဆိုပါက တစ်ဧကလျှင် ကျပ် (၆၀၀၀၀၀)ကျန်ရှိ နိုင်ရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)
