
အာဂျင်တီးနား၏ စီးပွားရေးလုပ်ဆောင်ချက်သည် စက်တင်ဘာလတွင် နှစ်စဉ်တိုးတက်မှု ၅ ရာခိုင်နှုန်းနှင့် ရာသီအလိုက် ချိန်ညှိထားသော နှိုင်းယှဉ်မှုတွင် လစဉ်တိုးတက်မှု ၀.၅ ရာခိုင်နှုန်းရှိကြောင်း အမျိုးသားစာရင်းအင်းနှင့် သန်းခေါင်စာရင်းဌာန (INDEC) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ၏ တိုးတက်မှုသည် နိုင်ငံစီးပွားရေးနှေးကွေးမှု ဟုတ်မဟုတ်ကို အဓိကညွှန်ပြချက်တစ်ခုအဖြစ် မှတ်ယူထားသောကြောင့် ဤကိန်းဂဏန်းသည် တတိယသုံးလပတ်တွင် နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍ စျေးကွက် စိုးရိမ်မှုများကို ပယ်ဖျက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံသည် ဇန်နဝါရီလမှ စက်တင်ဘာလ ကာလအတွင်း ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ငါးဖမ်းလုပ်ငန်းနှင့် ဘဏ္ဍာရေးကြားခံလုပ်ငန်းများသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသည့် အဓိကကဏ္ဍများဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများသည် စက်တင်ဘာလတွင် ကျဆင်းမှုများ ကြုံတွေ့ခဲ့ရကြောင်း INDEC မှ ပြောကြားခဲ့သည်သိဟု သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
