Main menu

ဆေးဖက်ဝင် မာလာဖူးပင်

Powered by Drupal

                မာလာဖူး၏ ပူရှိန်းရှိန်း၊ ရှတတ အာနိသင်ကြောင့် အစာချေဖျတ်မှုကိုအားပေးပြီး  အစာခြေ စနစ်၏လုပ်ဆောင်ချက်များကို ကူညီထောက်ပံ့ပေးပါသည်။ လေနာရောဂါ၊ အစာမကြေခြင်းများ၊ ဗိုက်အောင့်ခြင်း၊  ခံတွင်းပျက်ခြင်း၊ သန်ထခြင်း၊ လေပွခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း စသည့်ဝေဒနာများအတွက် မာလာဖူးသည် ဆေးကောင်းတစ်လတ် ဖြစ်ပါသည်။ မာလာဖူး၏ဆေးဖက်ဝင်ပုံများမှာ ရောင်ရမ်းမှုနှင့် နာကျင်မှုကိုလျော့ကျစေခြင်း၊ အနာကျက်မြန်စေခြင်း၊ ရောဂါပိုးမွှားများကိုနှိမ်နင်းနိုင်ခြင်း၊ အမျိုးသမီးများရာသီလာချိန်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲမှုများကို သက်သာစေနိုင်ခြင်း၊ အဖြူဆင်းခြင်းသက်သာစေနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ နည်းစေခြင်း၊ နာတာရှည်ရောင်ရမ်းခြင်းကြောင့်ဖြစ်လာနိုင်သော နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်ကြောင်း‌ဆေးပညာစာပေများမှ လေ့လာဖတ်ရှုမှတ်သားရပါသည်။

DOCA(မန္တလေး)