Main menu

လျှပ်စစ်ဓာတ်အားခနှုန်းထားများ မှားယွင်းမှုကြောင့် ချီလီနိုင်ငံ၏စွမ်းအင်အကြီးအကဲ ရာထူးမှ နုတ်ထွက်

Powered by Drupal

    ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်သည် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားခနှုန်းထားများကို မှားယွင်းစွာ တွက်ချက်ထားကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီး Diego Pardow မှ နုတ်ထွက်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကြေငြာခဲ့သည်။ သမ္မတရုံး ၏ ထုတ်ပြန်ချက်တွင် သမ္မတသည် စွမ်းအင်ဝန်ကြီး၏ နုတ်ထွက်စာကို လက်ခံခဲ့ပြီး ၎င်း၏ ကတိက ဝတ် နှင့် အလုပ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အမျိုးသားစွမ်းအင်ကော်မရှင်ထံမှ အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး သုံးစွဲသူများ အတွက် လျှပ်စစ်မီတာခနှုန်းထားများ သတ်မှတ်ရာတွင် အမှားအယွင်း ဖြစ်ခဲ့ကြောင်း Pardow မှ ပြောကြား ခဲ့ပါသည်။

    အဆိုပါ မှားယွင်းမှုသည် တောင်အမေရိကနိုင်ငံ၌ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေပြီး လျှပ်စစ်မီတာခများ ပိုမိုမြင့်မားလာစေခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ အစိုးရနှင့်ပုဂ္ဂလိက အေဂျင်စီ နှစ်ခု လုံးမှ မှားယွင်းစွာမြင့်မားသောနှုန်းထားများကိုရှာဖွေတွေ့ရှိခဲ့သည်ဟု Pardow မှ  ပြောကြားခဲ့သည်။ ချီလီအစိုးရသည် ငွေအပိုပေးဆောင်ရသော မိသားစုများအား လျော်ကြေးပေးမည်ဟု ကြာသာပတေး နေ့တွင် ကြေညာခဲ့သည်။ လက်ရှိစီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီး အယ်လ် ဗာရိုဂါစီယာအား Pardow နေရာတွင် အစားထိုးခန့်အပ်ခဲ့ပြီး ဝန်ကြီးဌာနနှစ်ခုလုံးကို ဦးစီးမည်ဖြစ် ကြောင်းသိရသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)