
ရေနံစိမ်းဈေး မြင့်မားမှုနှင့် အမေရိကန်ဒေါ်လာနှင့် ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများစျေးနှုန်းသည် တတိယမြောက်လတွင် မြင့် တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ အချက်အလက် များအရ သိရသည်။ သွင်းကုန်စျေးနှုန်း အညွှန်းကိန်း သည် ဇူလိုင်လတွင် ၀.၈ ရာခိုင်နှုန်းနှင့် ဩဂုတ်လတွင် ၀.၃ ရာခိုင်နှုန်းတက်ပြီးနောက် စက်တင်ဘာလ တွင် ၀.၂ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း Bank of Korea (BOK) ၏အဆိုအရ သိရသည်။
တောင်ကိုရီးယား၏ စံညွှန်းဖြစ်သည့် ဒူဘိုင်းရေနံစိမ်းဈေးသည် စက်တင်ဘာလတွင် တစ်စည် လျှင် ပျမ်းမျှ ၇၀.၀၁ ဒေါ်လာဖြစ်ပြီး ယခင်လ၏ ၆၉.၃၉ ဒေါ်လာမှ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပျမ်းမျှ ဝမ်နှင့် ဒေါ်လာလဲလှယ်နှုန်းသည် သြဂုတ်လတွင် တစ်ဒေါ်လာလျှင် ၁၃၈၉.၆၆ ဝမ်မှ စက်တင်ဘာလ တွင် ၁၃၉၁.၈၃ ဝမ်သို့ မြင့်တက်လာခဲ့သည်။ ပိုစျေးကြီးသော ရေနံစိမ်းကို ထေမိစေသော ဈေးသက် သာသော သဘာဝဓာတ်ငွေ့ (LNG) ကြောင့် စက်တင်ဘာလတွင် တင်သွင်းကုန်ကြမ်းများ၏ ဈေးနှုန်း သည် လစဉ် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကြားခံကုန်စည်များအတွက် သွင်းကုန်စျေးနှုန်းသည် ပြီးခဲ့သည့်လတွင် ၀.၅ ရာခိုင်နှုန်းတက်ခဲ့ပြီး တတိယလဆက်တိုက် မြင့်တက်ခဲ့သည်။ တင်သွင်းသော အရင်းအနှီးကုန်စည်များ၏ ဈေးနှုန်းသည် ၀.၂ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမှာ ဖော်ပြထားသည့်လတွင် ၀.၁ ရာခိုင်နှုန်းတိုးခဲ့သည်။ ဇူလိုင်လတွင် ၀.၈ ရာခိုင်နှုန်းနှင့် သြဂုတ်လတွင် ၀.၆ ရာခိုင်နှုန်း တိုးလာပြီးနောက် စက်တင်ဘာလတွင် ပို့ကုန် စျေးနှုန်းအညွှန်းကိန်းသည် ၀.၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)
