
သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI သည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်းတွင် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃၈ ရာခိုင်နှုန်း မြင့်တက် လာကြောင်း သီရိလင်္ကာရင်နှီးမြှုပ်နှံမှုဘုတ်အဖွဲ့ BOI က အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ယင်းတွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ BOI က အတည်ပြုထားသော လုပ်ငန်းများအတွက် နိုင်ငံခြားစီးပွားရေး ချေးငွေများပါဝင်သည်။
BOI ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း FDI သည် အမေရိကန်ဒေါ်လာ ၈၂၇ သန်း သို့ရောက်ရှိခဲ့ပါသည်။ ဤလုပ်ဆောင်မှုသည် ခိုင်မာအား ကောင်းသော စီးပွားရေး ပတ်ဝန်ကျင်အောက်တွင် လုပ်ငန်းများတိုးချဲ့ရန် ရင်းနှီးမြှုပ်နှံသူအသစ်များ ၏ ယုံကြည်မှုတိုးလာခြင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံသူများ၏ ကတိကဝတ်များကို ထင်ဟပ်စေ ကြောင်း BOI က ပြောကြားခဲ့ပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
