Main menu

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစာချုပ်များမှတစ်ဆင့် ပို့ကုန်မြှင့်တင်ရန် အင်ဒိုနီးရှား မျှော်မှန်း

Powered by Drupal

           အင်ဒိုနီးရှား၏ထိပ်တန်းစီးပွားရေးတာဝန်ရှိသူတစ်ဦးက နိုင်ငံတကာကုန်သွယ်ရေးသဘော တူညီချက်သစ်များသည် မော်တော်ကားပါဝင်သော ပြည်တွင်းထုတ်ကုန်များတင်ပို့မှုမြှင့်တင်နိုင် ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ Million Exports from Indonesia ပွဲအခမ်းအနား တွင် စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားသည် ဈေးကွက်သစ်များသို့ဝင်ရောက်ရန် ကုန်သွယ်ရေးစာချုပ်များကို တက်ကြွစွာလုပ်ဆောင်လျှက် ရှိကြောင်း၊ ၎င်းသည် သမ္မတ Prabowo Subianto ၏ ဈေးကွက်သစ်များသို့ တိုက်ရိုက်ဝင်ရောက် ရန်နှင့် အင်ဒိုနီးရှားကုန်ပစ္စည်းများအတွက် ပို့ကုန်ခွဲတမ်းတိုးမြင့်ရန်ကြိုးပမ်းမှုနှင့်ချိန်ညှိလျှက် ရှိကြောင်း၊ ဥပမာအနေဖြင့် ဆိုပါက Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) သည် မက္ကဆီကိုကဲ့သို့ ဈေးကွက်သို့ ဝင်ရောက်ရန် ပံ့ပိုးပေးကြောင်း၊ အချို့နိုင်ငံများသည် နိုင်ငံခြားထုတ်ကုန်များဝင်ရောက်မှုကိုကန့်သတ်ရန် သွင်းကုန်ခွဲတမ်းများကို ကန့်သတ်ထားကြောင်းနှင့် ထိုကုန်သွယ်ရေးသဘောတူညီချက်များသည် ထိုအတားအဆီးများကို ဖြေလျှော့ရန် ကူညီပေးနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ CEPA နှင့် CPTPP အစရှိသည့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များနှင့်အတူ ထိုခွဲတမ်းများသည် တံခါးပွင့်သွားကြောင်း သိရပါသည်။ Hartarto က PT TMMIN သည် ၁၉၈၇ ခုနှစ်မှစ၍ မော်တော် ကား ၃ သန်းကို နိုင်ငံပေါင်း ၁၀၀ သို့တင်ပို့ခဲ့ပြီး ထိုအောင်မြင်မှုသည် အားကောင်းသောပြည်တွင်း ထောက်ပံ့မှုကွင်းဆက်ပံ့ပိုးမှုတွင် တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်‌နေ့က အပြီးသတ်ခဲ့ကြောင်း သိရပါသည်။ ထိုသဘောတူ ညီချက်သည် ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား၏တင်ပို့မှုကို ၂.၅ ဆထိမြှင့်တင်ပေးရန် အလားအလာ ရှိကြောင်း သိရပါသည်။ ထို့ပြင်သဘောတူညီချက်သည် စုစုပေါင်းအပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံထိရောက်ရှိရန်ခန့်မှန်းရပြီး လာမည့် ၃ နှစ်မှ ၄ နှစ်အတွင်း အင်ဒိုနီးရှား၏ တင်ပို့မှုကို ၅၀ ရာခိုင်နှုန်းကျော်မြှင့်တင်ပေးရန် ခန့်မှန်းရကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)