Main menu

တီမောနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးတိုးတက်မှုအတွက် ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ ၄ သန်းကို ADB မှ အတည်ပြုခဲ့

Powered by Drupal

       အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကုန်လမ်းသယ်ယူပို့ဆောင်ရေးဆက်သွယ်မှု ပိုမိုကောင်းမွန် စေရန်နှင့် တီမောနိုင်ငံ၏ ‌ဝေးလံသောဒေသဖြစ်သည့် Ermera တွင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ငွေကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် အတည်ပြု လိုက်ကြောင်းသိရသည်။

          အာရှဖွံဖြိုးရေးရန်ပုံငွေမှ ပေးအပ်သည့် ထောက်ပံ့ငွေသည် ကျေးလက်တွင်နေထိုင်သည့် လူထုများအား စျေးကွက်များနှင့်မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို အဆက်အသွယ် လုပ်ပေးနိုင်သည့် အရေးကြီးသော ၁၁ ကီလိုမီတာ ရှည်လျားသော လမ်းကို ပြုပြင်မွမ်းမံဆောက် လုပ်သွားမည် ဖြစ်ပြီး အခြေခံအဆောက်အဦးများကိုလည်း ရာသီဥတုဒဏ်မှ ခံနိုင်ရည်ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မနီလာ အခြေစိုက်ဘဏ်မှပြောကြားခဲ့သည်။

          တီမောနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအခြေအနေများသည် ပြင်းထန်သော ရာသီဥတု အခြေအနေများကြောင့် တိုးတက်မှုတုံ့ဆိုင်းလျှက်ရှိကြောင်း ADB ၏ တီမောနိုင်ငံ ဒါရိုက်တာ Stefania Dina က ပြောကြားခဲ့သည်။

          ထိုပရောဂျက်သည် ကျေးလက်နေလူထုကို စျေးကွက်များ၊ ဝန်ဆောင်မှုများ၊ အသက်မွေး ဝမ်းကျောင်းပြုမှုများနှင့် ဆက်လက်ချိတ်ဆက်မှုရှိနေစေရန်အာမခံပေးပြီး ပိုမိုကြံ့ခိုင်သော အခြေ ခံအဆောက်အဦများကိုလည်းပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Dina မှ ပြောကြားခဲ့ssသည်။

 DOCA(ရန်ကုန်)