
ကျန်းမာရေးဝန်ကြီး ပါမောက္ခ Chheang Ra သည် ကမ္ဘောဒီးယား၏ ဆေးဝါးနှင့်ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ပါလီမန်အမတ်နှင့် ရင်နှီးမြှုပ်နှံ သူကိုယ်စားလှယ် Seng Nhak ဦးဆောင်သော တရုတ်ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။
ကိုယ်စားလှယ်အဖွဲ့တွင် Ouch Borith ၏ အကြံပေးဖြစ်သူ So Fang၊ Yang Liu၊ Shenzhen Jintong ၏ ဥက္ကဌ ဆေးသိပ္ပံနှင့် သုတေသန ဒါရိုက်တာ ပါမောက္ခ Zhang Suji နှင့် ၎င်းတို့၏ အဖွဲ့ဝင်များ ပါဝင်ပါသည်။
ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ပိုမိုနားလည်ရန်နှင့် နှစ်နိုင်ငံလုံး အတွက် အကျိုးရှိစေမည့် နည်းလမ်းများရှာဖွေကာ စီးပွားရေး တိုးတက်မှုကို မြင့်တင်ရန်ဖြစ်ကြောင်း Nhak က ပြောကြားခဲ့ပါသည်။
ဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် ဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး နိုင်ငံတော်နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီပါက ကျန်းမာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ကိုကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
