
အိန္ဒိယနိုင်ငံ၏ လက်ကားဈေးနှုန်းအညွှန်းကိန်း (WPI) သည် စက်တင်ဘာလတွင် ၀.၁၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ဖက်ဒရယ် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းရှိ WPI အပေါ်အခြေခံထားသော နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ယခင်နှစ် အလားတူကာလထက် ၀.၁၃ ရာခိုင်နှုန်း လျော့ကျခဲ့ ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် အပေါင်းလက္ခဏာဆောင် ခဲ့ကြောင်း ပြသနေပါသည်။
ထိုသို့အပေါင်းလက္ခဏာ ဆောင်ရခြင်းမှာ အဓိကအားဖြင့် စားသောက်ကုန်များ၊ အခြားထုတ် လုပ်မှု ကုန်ပစ္စည်းများ၊ စားသောက်ကုန်မဟုတ်သော ပစ္စည်းများ၊ သယ်ယူပို့ ဆောင်ရေးပစ္စည်းများ နှင့် အထည်အလိပ်များ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်ပါသည်။ WPI ငွေကြေးဖောင်းပွမှု နှုန်းသည် ဩဂုတ်လတွင် ၀.၅၂ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
