Main menu

ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှု ၃၃.၇ ရာခိုင်နှုန်း တိုးတက်

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ဆန်ကြိတ်ခွဲပြီး တန်ချိန် ၅၉၆၃၄၁ တန် နီးပါး တင်ပို့ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလက တန်ချိန် ၄၄၅၉၁၃ တန်မှ ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်အဖွဲချုပ် (CRF) ၏ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကုန်စည်တင်ပို့မှုမှ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀၈ သန်း ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလက ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၃၃၅ သန်းမှ ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

          ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးဈေးကွက်ဖြစ်သော ဥရောပသမဂ္ဂရှိ နိုင်ငံများသို့ ဆန်ကြိတ် ခွဲပြီးတန်ချိန် ၂၄၈၂၇၇ တန် တင်ပို့ခဲ့ပါသည်။ ၎င်းသည် စုစုပေါင်းတင်ပို့မှု၏ ၄၁ ရာခိုင်နှုန်း ရှိပြီး အမေရိကန်ဒေါ်လာ ၁၉၂ သန်း ရရှိခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကုန်ပစ္စည်းတန်ချိန် ၁၄၃၁၈၇ တန် ကို တရုတ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅ သန်းရရှိခဲ့ပါသည်။ အခြားဈေးကွက်များမှာ အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံ ၃၂ နိုင်ငံတို့ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)