Main menu

စင်္ကာပူနိုင်ငံ၏ တတိယသုံးလပတ် စီးပွားရေးတိုးတက်မှုနှုန်း ၂.၉ ရာခိုင်နှုန်းရှိ

Powered by Drupal

          စင်္ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်အတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြိုတင်ခန့်မှန်းချက်အရ သိရှိရပါသည်။ ၎င်းသည် ယခင်သုံးလပတ်တွင် မှတ်တမ်းတင်ခဲ့သော ၄.၅ ရာခိုင်နှုန်းမှ တိုးတက်မှုနှုန်း လျော့ကျလာခြင်း ဖြစ်ပါသည်။

          ရာသီအလိုက်ချိန်ညှိထားသော သုံးလပတ်အလိုက်စီးပွားရေး တိုးတက်မှုသည် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ဒုတိယသုံးလပတ်တွင် ၁.၅ ရာခိုင်နှုန်း တိုးတက်မှုထက် အနည်းအငယ်ကျဆင်းသွားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ယခင်သုံးလပတ်တွင် ၅ ရာခိုင်နှုန်း တိုးတက်မှုထက် နှေးကွေးသွားကာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပါသည်။ ရာသီအလိုက်ချိန်ညှိထားသော သုံးလပတ်အလိုက် အခြေခံကုန်ထုတ်လုပ်မှုသည် ၆.၁ ရာခိုင်နှုန်းတိုးတက်လာပြီး ဒုတိယသုံးပတ်တွင် ၀.၇ ရာခိုင်နှုန်း လျော့ကျဆင်းမှ ပြန်လည်တိုးတက်လာခဲ့ပါသည်။

          ဆောက်လုပ်ရေးလုပ်ငန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃.၁ ရာခိုင်နှုန်း တိုးတက်လာပြီး ယခင်သုံးလပတ်က ၆.၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါသည်။ ရာသီအလိုက်ချိန်ညှိထားသော သုံးလပတ်အလိုက် အခြေခံအရ ဆောက်လုပ်ရေးလုပ်ငန်းသည် ၁.၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ယခင်သုံးလပတ်က ၆.၅ တိုးတက်ခဲ့ပါသည်။

          ဝန်ဆောင်မှုလုပ်ငန်းများသည် တတိယ သုံးလပတ်တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA (ရန်ကုန်)