
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာကာလတွင် VinFast သည် ဗီယက်နမ်တွင် လျှပ်စစ်ကား အစီးရေ ၁၀၀၀၀၀ ကျော်ရောင်းချနိုင်သည့် ပထမဆုံးမော်တော်ကား အမှတ်တံဆိပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ VinFast သည် ၁၁ လဆက်တိုက် ဗီယက်နမ်၏ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ပြီး ပြည်တွင်းကားဈေးကွက်ကို ဦးဆောင်နေကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် ဗီယက်နမ်ကားလုပ်ငန်းတွင် သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းအမှတ်တံဆိပ်က ကမ္ဘာလုံးမှအခြားယှဉ်ပြိုင်သူများကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် VinFast ၏စံချိန်တင်စွမ်းဆောင်ရည်သည် ဗီယက်နမ်တွင် အဓိကရွေ့လျားမှုဦးတည်ရာမှာ လျှပ်စစ်မော်တော်ကားများဖြစ်လာပြီး နိုင်ငံသည် အနာဂတ်တွင် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား ဈေးကွက်ဖြစ်လာနိုင်သည့် အလားအလာကြီးထွားနေသည်ကို ပြသနေကြောင်း သိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် VinFast သည် လျှပ်စစ်ကား အစီးရေ ၁၃၉၁၄ စီးရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလစုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၁၀၃၈၈၄ စီး ရှိခဲ့ကာ ဗီယက်နမ်ကားလုပ်ငန်းသမိုင်းတွင် စံချိန်တင်အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုစုစု ပေါင်းရောင်းချရသည့် ပမာဏထဲတွင် VF3 မော်ဒယ်သည် အစီးရေ ၃၁၃၈၆ စီးဖြင့်ထိပ်ဆုံးက ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် VF5 နှင့် VF6 က အစီးရေ ၃၀၉၅၆ စီးနှင့် အစီးရေ ၁၄၄၂၅ စီး အသီးသီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ စတုတ္ထ ၃ လပတ်ကာလအတွက် Hai Phong နှင့် Ha Tinh ရှိစက်ရုံများကထုတ်လုပ်မှု အရှိန်မြှင့်တင်ခြင်းနှင့်အတူ VinFast သည် ၂၀၂၅ ခုနှစ်ကုန်တွင် စံချိန်သစ်များထပ်မံတင်ရှိရန်ရှိကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
