Main menu

ကျဆင်းလာသောပန်းထိမ်ငိုပန်းဈေးနှုန်းများ

Powered by Drupal

           မြင်းခြံမြို့နယ်အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသော ပန်းထိမ်ငိုပန်းများ ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ ဘုရားပန်းရောင်းချသောဆိုင်များတွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဒုတိယပတ်တွင် ပန်းထိမ်ငိုပန်း (၁၀)ခက်ပါတစ်စီးလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများ ဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်တွင် ပန်းထိမ်ငိုပန်း (၁၀) ခက်ပါတစ်စီးလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုအောက်တို ဘာလ တွင် ပန်းထိမ်ငိုပန်း (၁၀)ခက်ပါတစ်စီးလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်း များကျဆင်း ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပန်းများပေါများစွာထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှုအပေါ်တွင် မှုတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း၊ ပန်းထိမ်ငိုပန်းများသည် ဘုရားပန်းထိုးရာတွင် ရက်ကြာ ရှည်ခံသဖြင့် လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ပန်းထိမ်ငိုပန်းမျိုးတွင် တစ်ထပ်ပန်း၊ နှစ်ထပ်ပန်းနှင့် သုံထပ်ပန်း ဟူ၍သုံးမျိုးရှိကြောင်း၊ပန်း၏အရောင်မှာ မရမ်းရောင်နှင့် အဖြူရောင် တို့ရှိကြောင်း၊ အအေးပိုင်းဒေသများတွင်‌ အောင်မြင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးရန်အတွက် စိုထိုင်း ဆများပြီး အရိပ်ရသောနေရာများကို နှစ်သက်ကြောင်း၊ အပူပိုင်း ဒေသများတွင် ဆောင်းဦးရာသီ၌ စိုက်ပျိုးကြကြောင်း စနစ်တကျစိုက်ပျိုးပါက စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် နိုင်ကြောင်းသိရသည်။

DOCA(မန္တလေး)