
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၅၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
