
မြိတ်ခရိုင်တွင် ပင်လယ်ဝန်းရံလျက်ရှိသည့်အတွက် ရေထွက်ကုန်ပစ္စည်းများပေါများသလို ရေငန်ဒေသတွင်ပေါက်ရောက်သော ဓနိပင်များပေါများစွာပေါက်ရောက်လျက်ရှိသည်။ ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ တစ်ချို့ မှာ ဓနိပင်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုအောက် တိုဘာလတွင် မြိတ်မြို့၌ ဓနိရည် စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါသည်။ စတင်ထွက်ရှိလာချိန်တွင် ဓနိရည်ချိုစျေးနှုန်း ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်က ရာသီပေါ်ရောဂါများကြောင့် အရောင်းပါးခဲ့ကြောင်း သိရှိရပါသည်။
ယခင်နှစ် ၂၀၂၄ခုနှစ်တွင် ဓနိရည်ချို တစ်ဗူးလျှင် ကျပ် (၃၀၀၀)ခန့်သာစျေးရရှိပြီး ယခု ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် မြိတ်မြို့ရှိ ဓနိရည်ချိုတစ်ဗူးလျှင် ကျပ်(၄၅၀၀)ခန့်ရှိနေကြောင်းသိ ရှိရိရပါသည်။
DOCA(တနင်္သာရီ)
