Main menu

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်တွင် သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ကျွန်းလှဒေသထွက် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၅၀၀) ကျပ်၊ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီး(အင်းသီး)တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဒေသထွက်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၃၀၀)ကျပ် နှင့် ရှမ်းပြည်ဒေသထွက် (အင်းသီး)တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)