
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်စျေး၊ထုံးရည်စိမ်၍ အကြွပ်သီးအဖြစ်ရောင်းချရာတွင်အလုံး(ကြီး) ၅၀၀ကျပ်နှင့် ၇၀၀ကျပ်၊ အလုံး(လတ်) ၃၀၀ ကျပ်နှင့် ၄၀၀ကျပ်တို့ဖြင့် အမျိုးအစား ခွဲခြား၍ရောင်းချကြောင်းတွေ့ရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊အလှူပွဲများ ရာသီချိန်ဖြစ်သည့်အတွက်တည်သီး များအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
