Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အောက်တိုဘာဒုတိယပတ်တွင် ဖြစ်ပေါ်နေသောအခြေခံ စားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူ”

Powered by Drupal

          အခြေခံစားကုန်ပစ္စည်းများ၏ အောက်တိုဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၃)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်း စစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်း ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင် (ရတနာလွင်)ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ် (ဦးကိုလေး) ကုန်စုံဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်၊ ငါး၊ ပုဇွန်နှင့် ငါးပိ၊ ငါးခြောက်ဆိုင်၊ ကြက်ဥ၊ ဘဲဥဆိုင်၊ အသီးအရွက် ကုန်စိမ်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)