
မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ပြင်ဦးလွင် ဒေသထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ရာသီစာတောင်ပို့မှိုများ အရောင်းသွက်လျှက်ရှိ ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးနှောင်းရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသ ထွက်တောင်ပို့မှိုများ၊ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ တွေ့ရှိရ ပါသည်။ မန္တလေးစျေးကွက်အတွင်း သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့တွေ့ ရှိရ ပါသည်။ ၂၀၂၅ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ငွေနှင်း မှုံမှို လက္ကားစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
