Main menu

  မန္တလေးမြေထောက်ပဲစျေးအနည်းငယ်ကျ          

Powered by Drupal

        မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၄၀၀၀၀ ကျပ်နှင့်၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၄၄၄ကျပ်နှင့် ၅၂၇၈ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ် နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၄၈၂ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA (မန္တလေး)