
ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော စက္ကူပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက္ကူပန်းသည် အရောင်အသွေးစုံလင်ပြီး လိုသလိုပုံသွင်းပြီး အလှဆင်လို့ ကောင်းသော အရိပ်ရ အပင်မျိုးဖြစ်ပါသည်။ အရောင်အသွေးစုံသော စက္ကူပန်းလေး များကိုအလှပန်းအဖြစ်စိုက်ပျိုးကြသော်လည်း ကျန်းမာရေးအတွက်ပါ အသုံးဝင်သော ပန်းပင် တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ စက္ကူပန်းအရောင်များမှာ အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ စက္ကူပန်းပင်များကို နေအိမ်ခြံဝင်းများ၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာများတွင် အလှပန်းပင် အဖြစ်စိုက်ပျိုးလေ့ကြောင်း၊ စက္ကူပန်းပျိုးပင် တစ်ပင်လျှင် အရောင်နှင့် အရွယ်အစားပေါ်မူတည် ၍အသေး(၁)ပင်လျှင်(၁၀၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချ လျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
