
ကြိမ်စေ့လှော်သည် မြန်မာနိုင်ငံတွင်ရေပန်းစားသော သွားရေစာတစ်မျိုးဖြစ်၍ ကြိမ်ပင်များမှ ထွက်သောအစေ့များကို လှော်ထားခြင်းဖြစ်ကြောင်း၊ တောင်ကုန်းတောင်တန်း ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ကြိမ်ပင် များပိုမို စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့၊အေးမြသီတာဈေးတွင်ရောင်းချနေသော ကြိမ်စေ့ လှော်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြိမ်စေ့လှော်လက်လီဈေး နို့ဆီဗူး တစ်ဗူးလျှင်(၃၀၀၀)ကျပ်၊ လက်ကားဈေးတစ်ပြည်လျှင် (၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေး များဖြင့် ရောင်းချကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အဆီဓာတ်များပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကိုအကျိုးပြုပြီး ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကြွက်သား ဖွံ့ဖြိုးမှုကိုအထောက်အကူပြုကြောင်း၊ ကြိမ့်စေ့လှော်သည် အာဟာရဓာတ်ကြွယ်ဝ သဖြင့် ကယ်လိုရီပါဝင်မှုမြင့်မားသောကြောင့် လွန်ကဲစွာစားသုံးပါက ကိုယ်အလေးချိန်တက်နိုင် သဖြင့် သင့်တင့်မျှတစွာ စားသုံးသင့်ပါကြောင်း သိရှိရသည်။
DOCA(မန္တလေး)
