
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခမတ်ကျေးရွာနှင့် မောင်းမကျေးရွာ များတွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် Seederစနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးစံပြကွက်များအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စံပြကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။
ထိုမိုးစပါး စံပြကွက်ရိတ်သိမ်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့်အဖွဲ့၊ ခရိုင်အဆင့်စိုက်ကြပ်အဖွဲ့ဝင်များ မြို့နယ်စိုက်ကြပ် အဖွဲ့ဥက္ကဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး ခရမ်းမြို့နယ်၊ ခမတ်ကျေးရွာ တွင် Seeder စံပြကွက်ဧက (၁၀၀)မှ တောင်သူဒေါ်အေးမူ၊ ကွင်းအမှတ် (၇၈၀)A၊ ဦးပိုင်အမှတ် (၁၅)တွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးစိုက်ဧက (၉.၇၇)ဧက်အား စံပြကွက်ရိတ်သိမ်းခဲ့ရာ စပါးအစိုတင်း(၁၆၄.၀၁)တင်းထွက်ရှိပြီး မောင်းမကျေးရွာတွင် တောင်သူ ဦးတင်ထွေး၊ ကွင်း အမှတ်(၇၆၀A)၊ ဦးပိုင်အမှတ် (၁၅/၁)တွင် Seederစနစ်တွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါး စိုက်ဧက (၁၀.၀၀)ဧကအား စံကွက်ရိတ်သိမ်းရာတွင် စပါးအစိုတင်း (၁၈၂.၃၆)တင်း အသီးသီး ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
