
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၄၄၇.၅ သန်းတန်ဖိုး ရှိသော မွေးမြူရေးထုတ်ကုန်များတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆို အရ သိရပါသည်။ သီးခြားအနေဖြင့် နို့နှင့်နို့ထွက်ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၉ သန်း (၄.၉ ရာခိုင်နှုန်းကျဆင်း)၊ အသား၊ ကလီစာများနှင့် အသားထုတ်ကုန်များ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၀.၉ သန်း( ၂၇.၄ ရာခိုင်နှုန်းမြင့်တက်) ခဲ့ကြောင်း သိရပါသည်။ စက်တင် ဘာလတစ်ခုတည်းတွင် မွေးမြူရေးထုတ်ကုန်များတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃.၇ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ တင်းကျပ်သည့်နိုင်ငံတကာဈေးကွက်လိုအပ်ချက်များနှင့် ပြင်းထန်သောယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဝန်ကြီးဌာနက ပိုးမွှားလုံခြုံမှုနှင့် စက်ဝန်းပုံမွေးမြူရေးမော်ဒယ်များ တိုးချဲ့ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မွေးမြူ ရေးသမားများအကြား ချိတ်ဆက်မှုမြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထိုအချက် သည် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တင်းကျပ်စွာထိန်းချုပ်ရန်၊ ပြည်တွင်းတိရိစ္ဆာန်မွေးမြူမှု မြှင့်တင်ရန်နှင့် နည်းပညာမြင့်မွေးမြူရေးတွင် ကြီးမားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။ အာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့် ပြည်နယ် များသည်လည်းကျန်းမာသောစီးပွားရေးဝန်းကျင်ကိုဖန်တီးရန်၊ တန်ဖိုးမြှင့်တင်ရန်အတွက် ပြုပြင် ထုတ်လုပ်ခြင်းနှင့် မွေးမြူရေးတိရိစ္ဆာန်ထုတ်လုပ်မှုကိုချိတ်ဆက်မှုအရှိန်မြှင့်တင်ရန်နှင့် ကုန်သွယ် မှုမြှင့်တင်ရန်အားထုတ်မှုအနေဖြင့် နယ်စပ်ဖြတ်ကျော်တိရိစ္ဆာန်များနှင့် ဆက်စပ်ထုတ်ကုန်များ မှောင်ခိုရောင်းဝယ်ခြင်းကို ဆန့်ကျင်ရန် စီမံချက်များချမှတ်ရန် ညွှန်ကြားခြင်းခံထားရကြောင်း သိရပါသည်။ ထို့အပြင် ဝန်ကြီးဌာနသည် ရောဂါပိုးကင်းစင်သောဇုန်များတည်ထောင်ရန်၊ ဈေးကွက်သုတေသနနှင့် ခန့်မှန်းမှုအားကောင်းရန်နှင့် ထုတ်လုပ်မှုစီစဉ်ခြင်းနှင့် ဈေးကွက်တိုးချဲ့ ခြင်းတို့တွင် လုပ်ငန်းများအား ပံ့ပိုးပေးရန်တောင်းဆိုခဲ့ကြော်း သိရပါသည်။ ထိုခြေလှမ်းများသည် ကြီးထွားမှုအဟုန်ကိုထိန်းသိမ်းရန်နှင့် ဗီယက်နမ်မွေးမြူရေးထုတ်ကုန်ကဏ္ဍ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရန် ရည်ရွယ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
