Main menu

ထုတ်လုပ်မှုမြင့်တက်လာသောကြောင့် ကိုယ်တိုင်ဆန်ဖူလုံရန်နီးစပ်နေသည့် အင်ဒိုနီးရှား

Powered by Drupal

  အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံတော်အရန် အစားအစာဖူလုံမှုအားကောင်းစေသည့်ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် အင်ဒိုနီးရှားသည် ဆန်ကိုယ်ပိုင်ဖူလုံစေရန် နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman ကလာမည့် ၃ လအတွင်း အဓိကအတားအဆီးများမရှိပါက အင်ဒီုနီးရှားသည်ဆန်ကိုယ်တိုင်ဖူလုံနိုင်ပြီဟု ကြေညာနိုင်စွမ်းရှိပြီဖြစ်ကြောင်း၊ အစိုးရသည်လည်း ဆန်စိုက်ခင်းသစ်များတည်ထောင်ခြင်းနှင့် စိုက်ပျိုးရေးသမားတို့၏လူမှုဖူလုံရေးမြှင့်တင်ခြင်းတို့ပါဝင်သည့် ဗျူဟာမြောက်ပရိုဂရမ်များကို ဆက်လက်တိုးမြှင့်နေကြောင်း၊ လတ်တလောထုတ်လုပ်မှုရလဒ်များအရ နိုင်ငံသည် ယခုနှစ်တွင် ဆန်တင်သွင်းရန်မလိုအပ်တော့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံး၏ အဆိုအရ ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလ နိုင်ငံ၏ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၃.၁၉ သန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၆၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ စာရင်းအင်းရုံး၏ဒုတိယအကြီးအကဲဖြစ်သူ M.Habibullah  က ထုတ်လုပ်မှုအရှိန်မြှင့်တင် ခြင်းသည် အစားအစာဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ဆန်ထုတ်လုပ်မှု တန်ချိန် ၃၃ သန်းကျော်ခြင်းနှင့်အတူ ၎င်းတို့၏အဓိကအစားအစာရရှိနိုင်ခြင်းသည် လုံခြုံမှုကို မြင့်တက်စေကြောင်းနှင့် ဆန်သည် ငွေကြေးဖောင်းပွမှု၏မောင်းနှင်အားမဟုတ်တော့ပဲ ဈေးနှုန်း များနှင့် ဝယ်ယူနိုင်စွမ်းကိုတည်ငြိမ်စေကြောင်း ဂျကာတာမြို့တွင် အောက်တိုဘာလ ၁ ရက်နေ့ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏လတ်တလော ကိန်းဂဏန်းများသည် အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်း (FAO) နှင့် အမေရိကန် စိုက်ပျိုးမွေးမြူရေးဦးစီးဌာန (USDA) တို့ပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက် များဆီသို့ ချည်းကပ်နေကြောင်း သိရပါသည်။ USDA က ၂၀၂၅ ခုနှစ်အတွက် အင်ဒိုနီးရှား၏ဆန် ထုတ်လုပ်မှုကို တန်ချိန် ၃၄.၆ သန်းနှင့် FAO က ၂၀၂၅/၂၀၂၆ စိုက်ပျိုးရာသီအတွက် တန်ချိန် ၃၅.၆ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)