Main menu

စပါးအသစ်များထွက်ပေါ်ချိန် ဈေးနှုန်းကျဆင်းမှုမှ ကာကွယ်ရန် ထိုင်းအစိုးရ စီစဉ်

Powered by Drupal

     ထိုင်းနိုင်ငံ၊စိုက်ပျိုးရေးဝန်ကြီး၏ ပြောကြားချက်အရ ဆန်စပါးဦးစီးဌာနသည် ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေး၌ စပါးအသစ် ရိတ်သိမ်းရာသီအတွင်း စပါးဈေးနှုန်းကျ ဆင်းမှုကို ကာကွယ်နိုင်ရန် ဆောင်ရွက်မည့် အစီအမံများကို ဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။

     ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ Thamanat Prompow က စပါး ဈေးနှုန်းများ တည်ငြိမ်စေရေး နည်းလမ်းများအား ဆွေးနွေးရန် ဆန်စပါးဦးစီးဌာနမှ သက်ဆိုင်ရာ အစိုးရဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ပြောဆိုမှုအရ ပြည်နယ်သီးနှံအသင်းအဖွဲ့များ၊ ထိုင်းဆန်စက် အသင်း၊ အရှေ့မြောက်ပိုင်းဆန်စက်အသင်းနှင့် တစ်နိုင်ငံလုံးရှိ အဓိကဆန်စက်လုပ်ငန်းများမှ ကိုယ်စားလှယ်များသည် အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ သီးနှံ ရာသီအတွင်း ထွက်ရှိမည့် စပါးဈေးနှုန်းများကျဆင်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် လက်တွေ့ကျ သော အစီအမံများကို ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ထားသည်။

     ဆန်စပါးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Anon Nonsee က ထိုင်းနိုင်ငံတစ်ဝန်းရှိ လယ် သမားများသည် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ၎င်းတို့၏ စပါးများကို စတင်ရိတ်သိမ်းကြ မည်ဟု မျှော်မှန်းထားကြောင်း၊ သဘာဝဘေးအန္တရာယ် ပျက်စီးမှုအနည်းငယ်ဖြင့် ယခုနှစ်တွင် စပါးခင်းအများစုသည် စပါးအထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     စပါးအရေအတွက် ပမာဏများစွာ တစ်ပြိုင်နက်တည်း ဈေးကွက်အတွင်းသို့ ဝင်ရောက် လာပါက ဈေးနှုန်းများ ကျဆင်းစေနိုင်သဖြင့် စပါးဈေးနှုန်းကာကွယ်ရေး အစီအမံများ ချမှတ် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

     Mr. Anon က အဆိုပါအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ဆန်စပါးဦးစီးဌာနမှ အဓိက မဟာဗျူဟာနှစ်ရပ် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ ပထမဗျူဟာမှာ စပါးဝယ်ယူမည့် နေရာများကို ချဲ့ထွင်ခြင်းဖြစ်ကြောင်း၊ အဆိုပါဗျူဟာအောက်တွင် ဌာနအနေဖြင့် အခြားသော ပြည်နယ်များရှိ ဆန်စက်များအား ဝယ်ယူမှုလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ဒေသတွင်းအသင်းအဖွဲ့များနှင့် ဆန်စက်များ၏ ယှဉ်ပြိုင်မှုကို မြှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

     ဒုတိယဗျူဟာမှာ လယ်သမားများအတွက် ငွေရေးကြေးရေး အထောက်အပံ့ပေးခြင်း ဖြစ် ကြောင်း၊ ဆန်စပါးဌာနသည် သမဝါယမမြှင့်တင်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင် ရာ အသင်းအဖွဲ့ဘဏ် (BAAC) တို့နှင့် ပူးပေါင်း၍ လယ်သမားများအား ၎င်းတို့၏ စပါးများကို သတ်မှတ်ထားသော ဂိုဒေါင်များတွင် အပ်နှံစေပြီး ဈေးနှုန်းများ မြင့်တက်လာသည့်အခါမှ ရောင်း ချနိုင်စေရန် ချေးငွေများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

     Mr. Anon က ၎င်း၏ဌာနအနေဖြင့် အဆိုပါအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပေါ်ပေါက်လာနိုင်သော မည်သည့်ပြဿနာကိုမဆို အနီးကပ် စောင့်ကြည့်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် ကျင်းပမည့် အစည်း အဝေး၌ ဆန်စပါးဌာနသည် လယ်သမားများအနေဖြင့် ၎င်းတို့၏ စပါးများကို နောက်ကျပြီးမှ ရောင်းချ နိုင်စေရန်အတွက် ချေးငွေအကန့်အသတ်များ တိုးမြှင့်ရေး အလားအလာကိုလည်း BAAC နှင့် အသင်းအဖွဲ့များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ အစည်းအဝေးတွင် စပါး၏ အစိုဓာတ်နှုန်းကို လျှော့ချရန် စပါးအခြောက်ခံစက်များ ငှားရမ်းပေးခြင်းဖြင့် လယ်သမားများကို ပံ့ပိုးရန် နည်းလမ်းများကိုလည်း ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတဝန်းရှိ အသင်းအဖွဲ့ ၄၂၈ ဖွဲ့သည် ဈေးနှုန်းများ တည်ငြိမ်စေရန် လယ်သမား များထံမှ စပါးတန်ချိန် လေးသန်းခန့် ဝယ်ယူရန် စီစဉ်ထားကြောင်း Mr.Anon က ဖြည့်စွက်ပြော ကြားခဲ့သည်။

    ဆန်စပါးဦးစီးဌာနသည် ရိတ်သိမ်းပြီးနောက် မြေဆီလွှာအခြေအနေ မြှင့်တင်ရန် နည်းလမ်း များကိုလည်း လယ်သမားများအား ပညာပေးရန်၊ အရည်အသွေးမြင့် စပါးမျိုးစေ့များနှင့် ဆန်ပိုးမွှား ကြွင်းကျန်များကို ဆွေးမြေ့စေမည့် အဏုဇီဝပိုးမွှားများကို ထောက်ပံ့ပေးရန်နှင့် ထိုသို့ဆောင်ရွက် ခြင်းအားဖြင့် နောက်လာမည့် စိုက်ပျိုးရာသီမတိုင်မီ စောင့်ဆိုင်းရမည့်ကာလကို လျှော့ချသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

Source: The Nation Thailand, October 19, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)