
ကိုရီးယားနိုင်ငံမှအဓိကလုပ်ငန်း ၂ ခုဖြစ်သည့် Lotte Chilsung Beverage နှင့် SEP Cooperative တို့သည် ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်တွင် အကြီးစားစီမံကိန်း ၂ ခုအတွက် ဆန်းစစ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းတို့တွင် သစ်သီးဖျော်ရည် ပြုပြင် ထုတ်လုပ်သည့်စက်ရုံနှင့် ကောက်ရိုးနှင့် အခြားစွန့်ပစ်စိုက်ပျိုးရေးထုတ်ကုန်များ အသုံးပြု ၍ ဇီဝ လောင်စာထုတ်လုပ်သည့်စက်ရုံ ပါဝင်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပ သည့် ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် Can Tho စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန အကြား အလုပ်သဘော အစည်းအဝေးအရ သိရပါသည်။ Lotte Chilsung Beverage သည် Vietnam-Asia Net Zero Alliance (VANZA) နှင့် မိတ်ဖက်ဖွဲ့၍ တည်ထောင်ရန်စီစဉ်နေသည့် သစ်သီးဖျော်ရည် စက်ရုံကို ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်အစရှိသည့် ဈေးကွက်များကို တင်ပို့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ တစ်ရက်လျှင် လီတာ ၃၀၀၀၀၀ မှ ၅၀၀၀၀၀ ကြား ထုတ်လုပ် နိုင်စွမ်းရှိသည့် စက်ရုံသည် သစ်တော်သီး၊ သရက်သီး၊ သမင်မျက်လုံးသီး၊ ကျွဲကောသီး၊ ငှက်ပျော သီးနှင့် နဂါးမောက်သီးတို့ပါဝင်သည့် သစ်သီးနေ့စဉ် တန်ချိန် ၆၀၀ မှ ၁၂၀၀ ကြား လိုအပ်မည်ဟု သိရပါသည်။ စီမံကိန်းသည် ဟတ်တာ ၅၀ မှ ၇၀ ကြားလိုအပ်ပြီး ပထမ အဆင့်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၂၀ မှ ၁၈၀ ကြားနှင့် အပြည့်အဝပြီးမြောက်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၁၅၀ မှ ၂၂၀ ကြားလိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုစက်ရုံသည် တိုက်ရိုက်အလုပ်အကိုင် ၉၀၀ နှင့် သွယ်ဝိုက်အလုပ်အကိုင် ၂၅၀၀ ဖန်တီးပေးနိုင်မည်ဟု သိရပါ သည်။ SEP Cooperative သည် ကောက်ရိုးနှင့် အခြားစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အသုံးပြု ကာ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ Can Tho စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Le Thanh Thanh က အဆိုပြုချက်များကို ကြိုဆိုခဲ့ပြီး ဆန်စိုက်ခင်း ၅၁၀၀၀၀ ဟတ်တာနှင့် တစ်ဟတ်တာလျှင် ကောက်ရိုး ၂ တန်ထွက်ရှိမှု နှင့်အတူ ပေါများသော ကုန်ကြမ်းများကို ပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုရီးယား ကုမ္ပဏီများသည် နောက် ဆုံးဆုံးဖြတ်ချက်များမချမှတ်မီ အောက်တိုဘာလတွင် ဆန်းစစ်မှုများ ပြုလုပ်မည်ဟု သိရပါသည်။ Can Tho အာဏာပိုင်များသည်လည်း မြို့တော်၏စီးပွားရေးအရှိန် မြှင့်တင်ရန်ရည်ရွယ်၍ သင့်လျော်သောအခြေအနေများနှင့် အကောင်အထည်ဖော်မှုအရှိန်မြှင့်တင် ရန်အတွက် ဥပဒေ မူဘောင်များပံ့ပိုးသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
