Main menu

ဗီယက်နမ်၏ မော်တော်ကားတင်သွင်းမှုသည် ၈ လအတွင်း စံချိန်တင် မြင့်တက်ခဲ့

Powered by Drupal

     ဗီယက်နမ်နိုင်ငံမှ တင်သွင်းသည့် အလုံးစုံ တပ်ဆင်ထားသော မော်တော်ကားများ၏ တန်ဖိုး သည် ယခုနှစ် ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃.၀၂ ဘီလီယံ စံချိန်တင် အမြင့် ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်၏ အချက်အလက်ကို ကိုးကား၍ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ Nhan Dan က ဖော်ပြခဲ့ သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် အလုံးစုံတပ်ဆင်ထားသော မော်တော်ကား ၁၃၇၈၂၁ စီး တင်သွင်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ထိုင်ခုံ ကိုးခုံအောက်နည်းသော ကားများသည် အစီး ရေ ၁၀၄,၀၀၀ ကျော်ဖြင့် ရှယ်ယာအများဆုံးအဖြစ် ဆက်လက်ရပ်တည် နေပြီး တစ်နှစ်ထက် တစ်နှစ် ၁၉.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

    ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသည်တင်ယာဉ်များ တင်သွင်းမှု ၉၅.၈ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ၁၇၇၅၆ စီးရှိခဲ့သည်။ ဩဂုတ်လတစ်လတည်းတွင် ဗီယက်နမ်သည် ဒေါ်လာ ၃၆၃ သန်းတန်ဖိုးရှိ အလုံးစုံတပ်ဆင်ထားသော မော်တော်ကား ၁၆၂၇၄ စီး တင်သွင်းခဲ့သည်။ ဗီယက်နမ်အကောက်ခွန် ဌာန၏ အဆိုအရ တင်သွင်းမှုအများစုမှာ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ် နိုင်ငံတို့မှ ဖြစ်ကြောင်း သိရ သည်။ 

 

Source : Xinhua                                                                                 

 DOCA(ရန်ကုန်)