
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် သြဇာလွှမ်းမိုးသူအဖွဲ့ တစ်ဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုလာရောက်ရန် ဆွဲဆောင်ရန်အတွက် ကမ္ဘောဒီးယားဘုရားကျောင်းနယ်မြေများ၏ ကြွယ်ဝသော အလားအလာများကို ပူးတွဲမြှင့်တင်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် သြဇာရှိသူတို့သည် နိုင်ငံ၏ ပေါများသောခရီးသွားလုပ်ငန်းအလားအလာကို ပြသသည့် လုပ်ဆောင်မှုများတွင် ပါဝင်ရန် ကမ္ဘောဒီးယားသို့ ရောက်ရှိနေကြပြီး၊ Siem Reap ပြည်နယ် ခရီးသွားလာရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး Thim Sereyvuth ဦးဆောင်သောကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ သည် အန်ကောဝပ်ဘုရားကျောင်း၊ Bayaon ဘုရားကျောင်းနှင့် Siem Reap ပြည်နယ်ရှိ အခြားသော အဓိက ခရီးသွား နေရာများ အများအပြားကို သွားရောက် လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။ “Cambodia-China Tourism Year 2025” တွင် ကျင်းပခဲ့သည့် လှုပ်ရှားမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ရိုးရာဓလေ့များ၊ ဟင်းလျာများနှင့် ခရီးသွားလာရေး အလားအလာများကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ကာ ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလာရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်းလည်း Sereyvuth က ပြောကြားခဲ့ပါသည်။ တရုတ် ခရီးသွားများသည် ကမ္ဘောဒီးယား၏ ခရီးသွားလာရေး တိုးတက်မှုအတွက် အဓိက အထောက်အပံ့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရကြောင်း၊ ငြိမ်းချမ်းရေးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားလူမျိုးများသည် ငြိမ်းချမ်းရေးကို မြတ်နိုးကာ ကာကွယ်ကြပြီး ငြိမ်းချမ်းရေးမှရရှိလာသည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို တန်ဖိုးထားကြကြောင်းနှင့် ကမ္ဘောဒီးယားသည် ဘေးကင်းလုံခြုံပြီး ဆွဲဆောင်မှုရှိသော နိုင်ငံတကာခရီးသွားနေရာတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီး Huot Hak က အလေးပေးပြောကြားခဲ့သည်။
Source: Khmer Times
DOCA( ရန်ကုန်)
