
ကမ္ဘောဒီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၊ အကြီးအကဲ Do Viet Phuong ၏ အဆိုအရ နှစ်နိုင်ငံကုန်စည် ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း သုံးဆ တိုးလာခဲ့ပြီး ပျမ်းမျှနှစ်အလိုက် တိုးနှုန်းသည် ၁၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကန်ဒေါ်လာ ၃.၃ ဘီလီယံမှ ၁၀.၁ ဘီလီယံ အထိရှိခဲ့သည်။ ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ(၈) လအတွင်း အမေရိကန် ဒေါ်လာ ၈ ဘီလီယံနီးပါးထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုအရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်လာ ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးသည် အဓိကသဘောတူညီချက်များမှ တစ်ဆင့် ခိုင်မာသောတရားဥပဒေမူဘောင်တစ်ရပ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်မှုဆိုင်ရာနားလည်မှု စာချွန်လွှာ၊ နယ်စပ်ကုန်သွယ်ရေးသဘောတူညီချက်နှင့် ၂၀၂၅-၂၀၂၆ လုပ်ငန်းစီမံချက် တို့ အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် ခိုင်မာသောဥပဒေဘောင် များကိုချမှတ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ ကမ္ဘောဒီးယားနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Tith Rithipol က ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် နီးကပ်သော အိမ်နီးချင်းနိုင်ငံများသာမက ယုံကြည်ရသော မိတ်ဖက်များဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို နိုင်ငံရေး တည်ငြိမ်မှု၊ လုပ်သားအင်အား၊ မဟာဗျူဟာမြောက် တည်နေရာနှင့် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု မက်လုံးများဖြင့် ဆွဲဆောင်မှုရှိသော အခွင့်အလမ်းများကို ပေးဆောင်သည်ဟု Rithipol က ဆက်လက်ပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)
