Main menu

ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူ များပြားလာစေရန် ဂျပန်ကုမ္ပဏီအား ခရီးသွားလာရေးဝန်ကြီးဌာန MoT က တိုက်တွန်းထား

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း စျေးကွက်ချဲ့ထွင်ရန်နှင့် ပိုမိုများပြားလာစေရန် ကြိုးပမ်းနေချိန်တွင် ခရီးသွားလုပ်ငန်း ၀န်ကြီး Huot Hak က ဂျပန်ခရီးသွားကုမ္ပဏီ MS Tourist Ltd. အား ဆက်လက်ထောက်ခံပေးရန် တောင်းဆိုခဲ့သည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာကို မြှင့်တင်ရန်နှင့် လာမည့်နှစ်များအတွင်း ဂျပန်ခရီးသွား အများအပြားလာရောက်ရန် ကူညီဆောင်ရွက်ပေးသည့် MS Tourist Ltd. အား ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်။ ကုမ္ပဏီ၏ ထိုးထွင်း သိမြင်မှုနှင့် အကြံပြုချက်များကို လက်ခံခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်သည့် မူဝါဒအစီအမံများတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ဂျပန်ခရီးသွား ၇၃,၀၀၀ ကျော်ရရှိခဲ့ပြီး MS Tourist Ltd. ကဲ့သို့သော အဓိကပါတနာများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘောဒီးယား နိုင်ငံသို့ ဂျပန်ခရီးသွားဝင်ရောက်မှု တိုးတက်မှုကို ရေရှည်တည်တံ့စေပြီး ဂျပန်နှင့် အခြား စျေးကွက်များမှ လာရောက်လည်ပတ်သူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင် ပေးမည်ဟု ယုံကြည်ကြောင်း MoT မှ ထုတ်ပြန်ထားသည်။

Source: Khmer Times   

DOCA (ရန်ကုန်)