Main menu

တောင်ကိုရီးယားနိုင်ငံ၏ အနာဂတ်စီးပွားရေး ပိုကောင်းလာမယ်လို့ ယုံကြည်တဲ့ သဘောထားများ စက်တင်ဘာလတွင် ဒုတိယကြိမ်မြောက်တိုးတက်လာ

Powered by Drupal

       တောင်ကိုရီယား စီးပွားရေးလုပ်ငန်းများကြားတွင် စီးပွားရေးအခြေအနေနှင့်ပတ်သက် သော ယုံကြည်မှုများသည် ချစ်ပ်ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့် စားသုံးသူ ဝယ်လိုအား မြှင့်တင်ရန် အပိုဘတ်ဂျက် အစီအစဉ်ကြောင့် ဒုတိယအကြိမ်အဖြစ် ဆက်တိုက်တိုးတက် လာကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

     ကိုရီးယားဘဏ် (BOK) ၏ အဆိုအရ စက်တင်ဘာလတွင် စက်မှုလုပ်ငန်း အားလုံး၏ စုစုပေါင်းစီးပွားရေးစိတ်ဓာတ်ညွှန်ကိန်း (CBSI) သည် သြဂုတ်လတွင် ၁.၀ မှတ် တက်လာပြီး နောက် စက်တင်ဘာလတွင် တစ်လအတွင်း ၀.၆ မှတ် မြင့်တက်လာကာ ၉၁.၆ သို့ ရောက်ရှိခဲ့ပါသည်။

      စားသုံးသူဝယ်လိုအားကို မြှင့်တင်ရန်ရည်ရွယ်သည့် ငွေသားထောက်ပံ့မှုများပေးမည့် ဖြည့်စွပ်ဘတ်ဂျက်သည် ထုတ်လုပ်မှု မဟုတ်သော လုပ်ငန်းများအကြား စီးပွားရေးအတွက် အနာဂတ်ယုံကြည်မှုများ တိုးလာခဲ့ပါသည်။

      စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ထုတ်လုပ်သူများသည် ပြည်တွင်းဝယ်လိုအားကျ ဆင်းခြင်း၊ စီးပွားရေး မရေရာမှုနှင့် ပြင်းထန်သော ပြိုင်ဆိုင်မှတို့ကို ရင်ဆိုင်နေရပြီး ကုန်ထုတ် လုပ်သူမဟုတ်သော လုပ်ငန်းရှင်များမှာ ဝယ်လိုအားနည်းပါးခြင်း၊ စီးပွားရေးအခြေအနေ မရေရာ ခြင်း၊ လုပ်ခလစာမြင့်မာခြင်းတို့ကို ရင်ဆိုင်နေရပါသည်။

     စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများကြား ယုံကြည်မှုကို တွက်ချက်ထားသော ညွှန်းကိန်း (ESI) သည် စက်တင်ဘာလတွင် ၉၁.၃ တွင် ရပ်တည်ခဲ့ပြီး ယခင်လထက် ၃.၃ မှတ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)