Main menu

မုဒုံမြို့နယ်တာဝန်ခံမှ ဆန်သိုလှောင်ရုံအား MyRO တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

      ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့ပေါ်ရှိ စိန်မေတ္တာဆန်သိုလှောင်ရုံအား Myanmar Rice Online- MyRO တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံလုပ်ငန်းရှင်အား MyRO တွင် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသဖြင့် ထပ်မံသက်တမ်းတိုးရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း ပုံမှန်လစဉ်ထည့်သွင်းရန် ဆွေးနွေး ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (မွန်)