
မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးဖြင့်ရောင်း ဝယ်ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့ ၊စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီး ဌာနတို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်စည်ပင်သာယာစျေးကြီးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
စစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ် ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်း ရှိ/မရှိ၊ အလေးချိန်၊ အချိန်အတွယ်မှန် ကန်မှုရှိစေရေးနှင့် ဈေးကွက်/ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆန်များအားဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများမရှိစေရန် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
