Main menu

မြိတ်မြို့ပေါ်တွင် စက်တင်ဘာလအတွင်း သောက်‌ရေသန့်စက်ရုံအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ္ဍာနှစ် အလိုက် စျေးကွက်မရောက်မီစစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များသတ်မှတ်၍ စစ်ဆေးဆောင် ရွက်လျက်ရှိရာ ကလွင်ရပ်၊ မြိတ်မြို့ရှိ မြိတ်စီးတီးအမှတ်တံဆိပ် သောက်ရေသန့်အမျိုးမျိုး ထုတ် လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံလုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း (Pre Market Surveillance)အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များ အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည် ထုတ် လုပ်/ဖြန့်ဖြူးရောင်းချနေမှုများနှင့်စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဥ်း၍  စားသုံး သူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့်အညီပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်မှု အဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချမှုများ ရှိ/မရှိ နှင့် အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/မရှိအား စစ်ဆေးဆောင် ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)