
မြန်မာဘက်မှ တင်ပို့လိုက်သော ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်တွင် ပိုးသတ်ဆေး သိုင်ယာမီသိုစမ်(Thiamethoxam) နှင့် မှိုသတ်ဆေး(Trycyclazole) ဓာတ်ကြွင်း နှစ်မျိုးများနေသည်ဆိုကာ တရုတ်မှ လက်မခံဘဲ ပြန်ပို့ခဲ့သဖြင့် ပဲကုမ္ပဏီအချို့ တင်ပို့မှု ရပ်ဆိုင်းခဲ့ရသလို ပြည်တွင်း ဈေးကွက်တွင်လည်း ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းနေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
အဆိုပါကိစ္စရပ်ကြောင့် ပြည်တွင်းပဲဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်အေးကာ ယခင်က ပဲတီစိမ်း (၁)အိတ်လျှင် ကျပ် ၄ သိန်းကျော်ရှိရာမှ လက်ရှိတွင် အမြင့်ဆုံး ကျပ် ၃ သိန်း ၂ သောင်း ကျပ်သာရှိတော့ပြီး ဈေးများကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)