
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုန်းပင်စုကျောင်းရှိ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကျောင်းမုန့် ဈေးတန်းတွင်ရောင်းချနေသောသူများအား သန့်ရှင်းလတ်ဆက်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသောကုန်ပစ္စည်းများကိုသာရောင်းချစေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ ကျောင်းသား/ကျောင်းသူများ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြား ခဲ့ပါသည်။
(DOCA ဧရာဝတီ)
